loader image
Contact Us : 09 765 222 102/104/106/107/108marketing@breakthroughmmr.com

U Lin Lin Tun

U Lin Lin Tun ၏ ကိုယ်ရေးအကျဉ်း

ဦးလင်းလင်းထွန်းသည် Neuro-Linguistic Programming ခေါ် NLP ပညာရပ်နှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် တည်ရှိသည့် University of California, Santa Cruz (UCSC) တွင် NLP University မှ ဖွင့်လှစ်သင်ကြားသည့် NLP Master Trainer Certification သင်တန်းကို သွားတက်ရောက်ခဲ့ကာ မြန်မာနိုင်ငံ၏ ပထမဦးဆုံး NLP Master Trainer တစ်ယောက်ဖြစ်လာခဲ့သည်။

ထို့အပြင် The American Board of Neuro-Linguistic Programming (ABNLP) အသိအမှတ်ပြု (၁၈) ရက်ကြာ တက်ရောက်ရသည့် NLP Master Trainer သင်တန်းကိုလည်း (၃) ကြိမ်မြောက် တက်ရောက်ထားသည့် NLP Master Trainer Candidate လည်း ဖြစ်သည်။ ထို့အတူ Certified NLP Master Coach ၊ Certified Master Time Line Therapist (TLTA) နှင့် Certified Hypnotherapy Master Practitioner တဦးလည်း ဖြစ်ပါတယ်။

NLP ပညာရပ်နှင့်ပတ်သက်ပြီး NLP Practitioner Triple Certification Training ကို ကမ္ဘာတွင် ၁၅ ဦးသာရှိသည့် The American Board of NLP (ABNLP) အသိအမှတ်ပြု NLP Master Trainer များတွင် တစ်ဦးအပါအဝင်ဖြစ်သည့် Mr. Sebastien Leblond နှင့်အတူ သင်ကြားနေပြီး Certified NLP Practitioner များကို မွေးထုတ်ပျိုးထောင်ပေးနေသူလည်း ဖြစ်သည်။

ဦးလင်းလင်းထွန်းသည် လူတို့၏အပြုအမူကို လေ့လာပြီး ဘဝဖွံ့ဖြိုးတိုးတက်မှုနှင့် အောင်မြင်မှုအတွက် အသုံးချသည့် ပညာရပ်တခုဖြစ်သော Extended DISC နှင့်ပတ်သက်ပြီး Extended DISC International ၏ အသိအမှတ်ပြု Certified Master Trainer of Extened DISC တစ်ဦးလည်း ဖြစ်ကာ လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် Certified Extended DISC Accredited Practitioner ပေါင်း ၁၀၀ ကျော် မွေးထုတ်ထားပြီးလည်း ဖြစ်ပါသည်။

ဦးလင်းလင်းထွန်းသည် North America အခြေစိုက် Professional Business Coaches Alliance (PBCA) ၏ သင်ရိုးအတိုင်း သင်ကြားသည့် Professional Business Coaches Alliance (PBCA Myanmar) ၏ အသိအမှတ်ပြု Certified Professional Business Coach နှင့် Founding Member တဦးလည်း ဖြစ်သည်။

ထို့အပြင် ခေါင်းဆောင်မှုနှင့်ပတ်သက်ပြီး World’s No.1 Leadership Expert ဟု သတ်မှတ်ခြင်းခံရသည့် Dr. John C. Maxwell ၏ အသိအမှတ်ပြု မြန်မာနိုင်ငံ၏ ပထမဆုံးသော John Maxwell Team Member များတွင် တစ်ယောက်အပါအဝင်ဖြစ်သလို Certified John Maxwell Coach, Trainer, Speaker & Teacher လည်း ဖြစ်ပါသည်။

သူသည် အမေရိကန်၏ နံပတ် (၁) Success Coach ဖြစ်သည့် Jack Canfield ၏ အသိအမှတ်ပြု Certified Canfield Trainer of Success Principles တဦးလည်း ဖြစ်သည်။

ထို့အပြင် ဦးလင်းလင်းထွန်းသည် စာပေနယ်ပယ်ထဲသို့ ၂၀၁၂ က စတင်ဝင်ရောက်ခဲ့သူဖြစ်ပြီး အပတ်စဉ်ထုတ် စာစောင်များတွင် ဆောင်းပါးများ ရေးသားခဲ့သူဖြစ်ပြီး လက်ရှိတွင် Myanmar B2B Management Magazine တွင် လင်းလင်းထွန်း (Success Coach) အမည်ဖြင့် လစဉ်ရေးသားနေသည့် ပင်တိုင်ဆောင်းပါးရှင်တဦးလည်း ဖြစ်ပါတယ်။

ယခုအချိန်အထိ "ဇီးရိုးမှ ဟီးရိုးဖြစ်ခဲ့ကြသည့် ဘီလျံနာများ၊ စွန့်ဦးတီထွင်သူများနှင့် NLP မိတ်ဆက်" စာအုပ်နှင့် "အသက်ငယ်ငယ်ဖြင့် အောင်မြင်ခဲ့ကြသည့် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်များ" စသည့် ရောင်းအားအကောင်းဆုံးစာရင်းဝင်သည့် စာအုပ် (၂) အုပ်ကို ရေးသားထုတ်ဝေထားသူလည်း ဖြစ်ပါသည်။

လက်ရှိတွင် Breakthrough Coaching, Training & Consulting တွင် Executive Director အဖြစ် တာဝန်ယူထားသလို Business Coaching ၊ NLP Personal Breakthrough Coaching နှင့် Corporate Training ဝန်ဆောင်မှုများလည်း ပေးနေသူတဦး ဖြစ်ပါသည်။

Breakthrough Leadership Academy