loader image
Contact Us : 09 765 222 102/104/106/107/108marketing@breakthroughmmr.com

Self-Leadership Program (SLP)

Instructor Admin IT
1,000,000 K

Self-Leadership Program

သင့်စီးပွားရေး၊ အလုပ်အကိုင်နဲ့ ဘဝမှာ သိသာထင်ရှားတဲ့ တိုးတက်ပြောင်းလဲမှုတွေကို ပြုလုပ်နိုင်စေမယ့် အဓိက သော့ချက်က ဘာဖြစ်မလဲဆိုတာကို သင်သိလား။ အဲဒီ အဓိကသော့ချက်တော့ သင်ကိုယ်တိုင်ပါပဲ။ ဒီစကားကြားရင် သင့်အံ့ဩရင် အံ့ဩသွားပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ တိုးတက်ပြောင်းလဲမှုအတွက်လ က်တွေ့အကျဆုံးနဲ့ အပြုသဘောအဆောင်ဆုံးအဖြေကတော့ ကျွန်တော်တို့ကိုယ်တိုင်ဆီမှာပဲ ရှိပါတယ်။

တိုးတက်ပြောင်းလဲမှုတွေကို လုပ်နိုင်ချင်ရင်
၁။ ကျွန်တော်တို့ရဲ့ စိတ်ကို အကောင်းဘက်ကို ပြင်ဆင်ရမယ်။
၂။ ကျွန်တော်တို့ရဲ့ အသိပညာကို မြှင့်တင်ရမယ်။
၃။ လူအများနဲ့ ပေါင်းစပ်ညှိနှိုင်းလုပ်ကိုင်တတ်လာအောင် ကြိုးပမ်းရမယ်။
ဒါတွေ အားလုံးကို လုပ်ဆောင်ဖို့အတွက် သင့်ကိုယ်သင် မေးရမယ့်မေးခွန်းကတော့ ငါ အမှန်တကယ်ပဲ ပြောင်းလဲချင်စိတ်ရှိရဲ့လားဆိုတာပဲ ဖြစ်ပါတယ်။

ပြောင်းလဲချင်စိတ်မရှိတဲ့သူကို ဘယ်အရာကမှ ပြောင်းလဲလာဖို့ ကူညီနိုင်မှာ မဟုတ်ပေမယ့် ပြောင်းလဲချင်စိတ် အမှန်တကယ်ကို တောက်လောင်နေတဲ့သူတွေကိုတော့ ဘယ်အရာကမှ တားဆီးထားဖို့ လွယ်ကူမှာ မဟုတ်ပါဘူး။ သင့်ရဲ့ စီးပွားရေး၊ အလုပ်အကိုင်နဲ့ ဘဝအခြေအနေကို ပြန်သုံးသပ်ကြည့်ပါ။ သင့်ကိုယ်သင် အားရလား။ သင်ကြုံတွေ့နေရတဲ့အခြေအနေဟာ သင်တကယ်ကို ထိုက်တန်မှုရှိတဲ့အရာလား။ ဒါမှမဟုတ် သင့်ကိုယ်သင် ဒီထက်မက ထိုက်တန်တယ်၊ ဒီထက်မကလုပ်နိုင်တယ်လို့ သင့်ကိုယ်သင် မြင်လား။ ဘယ်သူမဆို သူတို့သာ တကယ်ကို ရွေးချယ်မယ်ဆိုရင် အခုလက်ရှိသူတို့ရနေတဲ့ရလဒ်ထက် ပိုမိုကောင်းမွန်တဲ့ ရလဒ်ကို ဖန်တီးနိုင်စွမ်းရှိပါတယ်။ အဲဒီလို လုပ်နိုင်ဖို့အတွက် သူတို့လုပ်ရမယ့်အရာက သုံးခုပဲ ရှိပါတယ်။

ပထမတစ်ခုက အကြောင်းအမျိုးမျိုးပြပြီး ဆင်ခြေပေး အချိန်ဆွဲနေတာကို ရှောင်ရှားဖို့ ဖြစ်ပါတယ်။ World No.1 Leadership Expert – John C. Maxwell ကတော့ ဘာပြောလဲဆိုရင် ရှုံးနိမ့်မှုကနေ အောင်မြင်မှုကို သွားလို့ ရနိုင်ပေမယ့် ဆင်ခြေကနေတော့ အောင်မြင်မှုဆီကို သွားလို့ မရဘူးလို့ ပြောပါတယ်။ အဲဒါကြောင့် သင့်ရဲ့ ဆင်ခြေတွေကို စွန့်လွှတ်ပြီး တာဝန်ယူလိုစိတ် တာဝန်ခံလိုစိတ်တို့ကို မွေးမြူရပါမယ်။

ဒုတိယတစ်ခုကတော့ ကျွန်တော့်အမြင်မှာ လူတစ်ယောက် သူနဲ့ ထိုက်တန်တဲ့ ရလဒ်တစ်ခုခုကို မရရတဲ့အဓိက အကြောင်းရင်းကတော့ အဲဒီရလဒ်ကို ရယူဖို့အတွက် လိုအပ်တဲ့ အသိပညာ၊ အတတ်ပညာတွေကို မလေ့လာလို့ပဲ ဖြစ်ပါတယ်။

တတိယတစ်ချက်ကတော့ သင်လေ့လာထားတဲ့ အသိပညာတွေကို သင့်ဘဝမှာ အမှန်တကယ် အသုံးချဖို့ပဲ ဖြစ်ပါတယ်။ လက်တွေ့အသုံးမချတဲ့သူဟာ ဘယ်လောက်ပဲ လေ့လာသင်ယူမှုတွေကိုပဲ လုပ်လုပ် ထိရောက်တဲ့အကျိုးကျေးဇူးတွေကို ခံစားရမှာ မဟုတ်ပါဘူး။ အကယ်၍ သင်သာ သင့်လုပ်ငန်း၊ အလုပ်အကိုင်နဲ့ ဘဝတိုးတက်ရာ တိုးတက်ကြောင်းအတွက် သင်ကိုယ်တိုင် စပြီး ပြောင်းလဲမယ်၊ တာဝန်ယူမယ်၊ လေ့လာသင်ယူမယ်၊ ပြီးရင် လေ့လာသင်ယူထားတာတွေကိုလည်း သုံးချပြီး ပြောင်းလဲမယ်လို့ စိတ်ပိုင်းဖြတ်ထားတဲ့သူတွေအတွက် အရမ်းကို အကျိုးရှိစေမယ့် Online Program လေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါကတော့ Self-Leadership Program (SLP) (သင့်ကိုယ်သင် ဦးဆောင်မှု အစီအစဉ်) ပဲ ဖြစ်ပါတယ်။ အခြား သင်ရိုးများနဲ့ မတူတာကတော့ SLP သင်တန်းဟာ သင့်ကိုယ်သင် ဦးဆောင်မှုအတွက် အရေးပါပြီး သိသင့် သိထိုက်တဲ့ အကြောင်းအရာများကို Package အဖြစ် စုစည်းထားလို့ပဲ ဖြစ်ပါတယ်။

သင်တန်းအားလုံးပေါင်းရဲ့ သင်တန်းကြေး – 1,000,000 Ks

တက်ရောက်သင့်တဲ့သူများ
– စီးပွားရေးလုပ်ငန်းရှင်များ၊
– ဒါရိုက်တာများ၊
– မန်နေဂျာများ၊
– ကြီးကြပ်ရေးမှူးများ၊
– အလုပ်အကိုင်နဲ့ ဘဝတိုးတက်ရာ တိုးတက်ကြောင်းကို လိုလားသူများ
– ဘဝတွင် စိတ်ချမ်းသာပြီး ပျော်ရွှင်လိုသူများ၊

Enroll Now!

1,000,000 K
2 years of access

Course Features

  • Lessons 67
  • Quizzes 0
  • Students 2268
  • Reviews 0
  • Certificate Yes

Enroll Now!

1,000,000 K
2 years of access

Breakthrough Leadership Academy