loader image
Contact Us : 09 765 222 102/104/106/107/108marketing@breakthroughmmr.com

Self-Leadership Journey (SLJ)

Instructor Admin IT
199,500 K 99,500 K

သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးထိရောက်မှုကို မြှင့်တင်ပြီး တိုးတက်ပြောင်းလဲမှုတွေကို ဖြစ်စေနိုင်မယ့်အရာ

သို့မဟုတ်

မိမိကိုယ်မိမိ ဦးဆောင်မှုခရီးစဉ် (Self-Leadership Journey)

ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ကျွန်တော်တို့တွေဟာ နယ်ပယ်တစ်ခုခုမှာတော့ ဦးဆောင်နိုင်သူ ဖြစ်လာချင်ကြတယ်။ ဦးဆောင်သူ ခေါင်းဆောင်ဆိုတာဟာ အချို့သူတွေအတွက် မွေးရာပါအရည်အချင်းဖြစ်ပေမယ့် အများစုအတွက်ကတော့ လေ့လာသင်ယူရပါတယ်။ ကျွန်တော်တို့ ဘယ်လိုပုံစံနဲ့ ခေါင်းဆောင်ဖြစ်လာသည်ဖြစ်ပါစေ၊ ကျွန်တော်တို့ အမှတ်ရနေရမယ့်အရာကတော့ အခြားသူတွေကို ကျွန်တော်တို့ ဦးမဆောင်ခင်မှာ ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး ဦးဆောင်နိုင်ဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သင် ဦးဆောင်ချင်တဲ့သူတွေရော သင်ရော အားလုံးဟာ လူသားတွေပဲဖြစ်တဲ့အတွက်ကြောင့် သင့်နောက်လိုက်တွေမှာ ရှိနိုင်တဲ့ အားသာချက်၊ အားနည်းချက်တွေကို သင့်ဆီမှာလည်း တွေ့မြင်နိုင်ပါတယ်။ အကယ်၍ သင်သာ သင့်ကိုယ်သင် ဘယ်လိုဦးဆောင်ရမယ်ဆိုတာကို စနစ်တကျလေ့လာပြီး အမှန်တကယ်ဦးဆောင်လာနိုင်ပြီဆိုရင် အခြားသူတွေကို သူတို့ကိုယ်သူတို့ ကောင်းစွာ ဦးဆောင်လာနိုင်ဖို့ဖြစ်စေ၊ သူတို့အပေါ်မှာ သင့်ရဲ့ ခေါင်းဆောင်နိုင်စွမ်းကိုဖြစ်စေ မြင့်တက်လာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သင့်ဘဝမှာ ဘယ်လောက်ပဲ အောင်မြင်သည်ဖြစ်ပါစေ စိတ်ချမ်းသာမှု၊ ပျော်ရွှင်မှု၊ ဘဝအဓိပ္ပာယ်ရှိမှု စတာတွေ မရှိရင်လည်း အဆင်မပြေနိုင်ပါဘူး။ အခု သင်လေ့လာရမယ့် Self-Leadership Journey (SLJ) မိမိကိုယ်မိမိ ဦးဆောင်မှုခရီးစဉ် သင်တန်းမှာ သင့်အနေနဲ့ သင့်ကိုယ်သင်ရော အခြားသူတွေကိုရော ဦးဆောင်တဲ့နေရာမှာ အသုံးဝင်မယ့် အသိပညာများစွာကို လေ့လာသင်ယူနိုင်မှာ ဖြစ်တဲ့အပြင် သင့်ဘဝကို အဓိပ္ပာယ်ရှိပြီး စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ပျော်ရွှင်စေမယ့် အသိပညာတွေကိုပါ သိရှိလာမှာ ဖြစ်ပါတယ်။ သင့်ကိုယ်သင် စီးပွားရေး၊ အလုပ်အကိုင်နဲ့ ဘ၀ အောင်မြင်မှုဆီကို ဦးတည်သွားစေနိုင်လောက်အောင် အကောင်းဘက်ကနေ ဘယ်လိုထိန်းကျောင်းမလဲဆိုတာတွေကို သိရှိလာဖို့အတွက် Self-Leadership Journey (SLJ) သင်တန်းကို အမြန်ဆုံးအပ်နှံပြီး စတင်လေ့လာနိုင်ပါတယ်။

Self-Leadership Journey မှာ သင် အဓိက ရရှိလာမယ့် အကျိုးကျေးဇူးများ

Self-Leadership သင့်ကိုယ်သင် ဦးဆောင်ခြင်းဆိုတာ ဘာလဲဆိုတာကို ကွဲကွဲပြားပြား သိရှိလာစေရန်၊ သင့်ကို စိတ်အားတက်ကြွစေတဲ့အရာတွေအကြောင်းကို သိရှိလာစေရန်၊ သင့်ကိုယ်သင် ဦးဆောင်ရာမှာ အရေးပါတဲ့ အပြုအမူ (Behaviour) အကြောင်းကို လေ့လာပြီး ပြုပြင်လာနိုင်စေရန်၊ သဘာဝကပေးတဲ့ ဆုလဒ် (Natual Reward) များအကြောင်း သိရှိလာစေရန်၊ အပြုသဘောဆောင်သည့် စဉ်းစားတွေးခေါ်မှု (Constructive Thinking) အကြောင်း သိရှိလာစေရန် သင့်ရဲ့ ချမ်းသာသုခ (Well-Being) အကြောင်းကို သိရှိပြီး သင့်ကိုယ်သင် ကျန်းမာပျော်ရွှင်လာအောင် လုပ်လာနိုင်စေရန်၊ သင့်ရဲ့ တစ်သီးပုဂ္ဂလဖြစ်တည်မှုနဲ့ ပင်ကိုယ်စရိုက်အကြောင်းကို ပိုမိုနားလည်လာစေရန်၊ သင်ယူရလိုက်တဲ့ သင်ခန်းစာတွေကို သင့်ရဲ့ အခြေအနေနဲ့ ကိုက်ညီစွာ အသုံးချလာနိုင်စေရန်

တက်ရောက်သင့်တဲ့သူများ

စီးပွားရေးလုပ်ငန်းရှင်များ၊ ဒါရိုက်တာများ၊ မန်နေဂျာများ၊ ကြီးကြပ်ရေးမှူးများ၊ အလုပ်အကိုင်နဲ့ ဘဝတိုးတက်ရာ တိုးတက်ကြောင်းကို လိုလားသူများ ဘဝတွင် စိတ်ချမ်းသာပြီး ပျော်ရွှင်လိုသူများ၊

Join This Course

SALE 199,500 K 99,500 K
1 year of access

Course Features

  • Lessons 13
  • Quizzes 0
  • Students 859
  • Reviews 0
  • Certificate Yes

Join This Course

SALE 199,500 K 99,500 K
1 year of access

Breakthrough Leadership Academy