လက်ရှိ စီးပွားရေး၊ အလုပ်အကိုင်နဲ့ ဘဝအခြေအနေကို သင် အားမရ ဖြစ်နေလား။
အပြောင်းအလဲတစ်ခုကို ဘယ်လိုဖန်တီးရမယ်ဆိုတာကို လမ်းပျောက်နေလား။
ဘဝမှာ ကြုံတွေ့ရတဲ့အခက်အခဲတွေကို ရင်ဆိုင်ရာမှာ ယုံကြည်မှု ပျောက်ဆုံးနေလား။
ဒါမှမဟုတ်
သင့်ကိုယ်သင်ရော တခြားသူတွေကိုရော ဦးဆောင်နိုင်သူတစ်ယောက်ဖြစ်လာဖို့အတွက် ခရီးစဉ်တစ်ခုကို သင်စတင်ဖို့ စိတ်ပိုင်းဖြတ်ပြီးပြီလား။
အဲဒီလိုသာ စိတ်ပိုင်းဖြတ်ပြီးပြီဆိုရင် မိတ်ဆွေကို Breakthrough Coaching, Training & Consulting ရဲ့ Journey To Leadership (J2L) Online Program ကနေ ကြိုဆိုပါတယ်။ Journey To Leadership ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျွန်တော် ဗီဒီယိုအတိုလေးတွေတင်ပြီး Personal Growth နဲ့ Leadership Development အတွက် သင်ကြားမှုများစွာကို အခမဲ့ လုပ်ပေးခဲ့ပါတယ်။
အခု ဒီ (J2L) Online Program မှာတော့ – သင့်ကိုသင် ပြန်ပြီး ဆန်းစစ်လာနိုင်ဖို့၊ – ပန်းတိုင်တိတိကျကျ သတ်မှတ်ဖို့၊ – အပြောင်းအလဲတစ်ခုကို ဖန်တီးရာမှာ ရှိသင့်ရှိထိုက်တဲ့ စိတ်နေသဘောထားတွေ ရှိလာဖို့၊ – အဆင်မပြေတဲ့ကာလတွေမှာ မှန်ကန်တဲ့စိတ်နေသဘောထားတွေ ထားရှိနိုင်ဖို့၊ – စီးပွားရေး၊ အလုပ်အကိုင်နဲ့ ဘဝမှာ ရင်ဆိုင်ရတဲ့အခက်အခဲတွေကို ခံနိုင်ရည်ရှိလာစေဖို့၊ – သင့်ရည်မှန်းချက်ကို ရရှိအောင် လုပ်ဆောင်သင့်တဲ့ကိစ္စရပ်များကို သင့်ဟာသင် သိရှိလာနိုင်စေဖို့၊ – အလုပ်နဲ့ ဘ၀ ဟန်ချက်ညီမှု ရှိလာစေဖို့၊ စတဲ့အရေးပါတဲ့အကျိုးကျေးဇူးတွေကို Online Video ကိုကြည့်ရှု၍ လည်းကောင်း၊ ပူးတွဲပါ Handout နဲ့ မေးခွန်းများကို ဖြေကြားခြင်းဖြင့်လည်းကောင်း ရရှိလာအောင် ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဒီ J2L သင်တန်းအစီအစဉ်လေးအပြီးမှာ သင်ဟာ သင့်ဘဝအခြေအနေကို ပြန်သုံးသပ်ပြီးဖြစ်လာမယ့်အပြင် သင့်အနာဂတ်ဘယ်ကို ဦးတည်သွားရမယ်ဆိုတာကို သတ်မှတ်ပြီး အဲဒီပန်းတိုင်ကို အရောက်သွားနိုင်ဖို့အတွက် သင် လုပ်ဆောင်သင့်တဲ့အချက်တွေကိုပါ သင့်ကိုယ်သင်သိရှိလာနိုင်တာမို့ သင့်ကို အလုပ်အကိုင်အောင်မြင်မှုတင်မကပဲ စိတ်ချမ်းသာမှု၊ ပျော်ရွှင်မှု၊ ယုံကြည်မှုတွေကိုပါ ယခင်ကထက် ပိုပြီး ရရှိလာနိုင်ပါလိမ့်မယ်။
Join This Course
Course Features
- Lessons 12
- Quizzes 0
- Students 862
- Reviews 0
- Certificate Yes