loader image
Contact Us : 09 765 222 102/104/106/107/108marketing@breakthroughmmr.com

U Ko Ko Aung

U Ko Ko Aung ၏ ကိုယ်ရေးအကျဉ်း

ဦးကိုကိုအောင်သည် ခေါင်းဆောင်မှုနဲ့ပတ်သက်ပြီး နိုင်ငံတကာ Leadership Expert တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည့် Dr. John C. Maxwell ​၏ Certified John Maxwell Coach, Trainer, Speaker & Teacher တစ်ဦးဖြစ်သည်၊ အမေရိကန်အခြေစိုက် Professional Business Coaches Alliance (PBCA), PBCA Myanmar နှင့် Breakthrough Coaching Training & Consulting မှသင်ကြားသော Professional Business Coach သင်တန်းကို တက်ရောက်ပြီးသည့် Professional Business Coach တစ်ဦးလည်းဖြစ်သည်၊ အမေရိကန်ရှိ The American Board of Neuro-Linguistic Programming (ABNLP) ၏ Certified NLP Trainer၊ Certified NLP Master Coach နှင့် Certified Master Time Line Therapist (TLTA) လည်းဖြစ်သည်။

ထို့အပြင် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် တည်ရှိသည့် University of California, Santa Cruz (UCSC) တွင် NLP University မှ ဖွင့်လှစ်သင်ကြားသည့် NLP Master Trainer Certification သင်တန်းကို တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ ပထမဆုံးသော Certified NLP Master Trainer တစ်ယောက် ဖြစ်လာခဲ့သည်၊ American No.1 Success Coach ဖြစ်သူ Jack Canfield ​၏ Certified Trainer တစ်ဦးလည်းဖြစ်သည်။ လူတို့​၏အခြေခံအပြုအမူများကိုလေ့လာသည့် DISC ပညာရပ်နှင့်ပတ်သက်ပြီး လေ့လာသည့် Certified Extended DISC Trainer တစ်ဦးဖြစ်သည်။

ဦးကိုကိုအောင် အနေဖြင့် နိုင်ငံတကာအဆင့်မှီ ဟိုတယ်ကြီးများ၊ အပျော်စီးသင်္ဘောနှင့် မြန်မာနိုင်ငံ​၏ နာမည်ကြီးစားသောက်ဆိုင်လုပ်ငန်းစု အစရှိသည့် ဝန်ဆောင်မှုလုပ်ငန်းများတွင် နှစ်ပေါင်းများစွာစီမံခန့်ခွဲမှုအတွေ့အကြုံရှိသူတစ်ဦးဖြစ်ပြီး ယခုအခါတွင် Breakthrough Coaching Training & Consulting ​၏ Managing Director, Business & Executive Coach, Leadership Development Trainer တစ်ဦးလည်းဖြစ်သည်။

မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များကို Business Coaching One on One, Team Coaching နှင့် Corporate Training ဝန်ဆောင်မှုများကို စီစဉ်ဆောင်ရွက်ပေးလျှက်ရှိသည်။

ထို့ပြင် UK နာမည်ကြီး Mystery Shoppers Co., Ltd. ၏ Franchise Company ဖြစ်သော Mystery Shoppers Myanmar ​၏ Executive Director အဖြစ်လည်း တာဝန်ထမ်းဆောင်လျှက်ရှိပါသည်။

လက်ရှိအချိန်အထိ "အငြင်းမပွားနဲ့ စဉ်းစား"၊ "အနာဂတ်ကို အနားကပ်မှ မလုပ်နဲ့"၊ "ဒီနေ့ ကိုယ့်နေ့ ဖြစ်ပါစေ" စာအုပ်(၃)အုပ်ကို တဦးတည်း ရေးသားထုတ်ဝေထားသူ ဖြစ်သလို "အခက်အခဲကာလတွင် ဦးဆောင်ခြင်း" စာအုပ်ကိုလည်း Breakthrough မှ Master Coach များနှင့်အတူ ပူးတွဲရေးသားခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

Breakthrough Leadership Academy