loader image
Contact Us : 09 765 222 102/104/106/107/108marketing@breakthroughmmr.com

U Naing Win Aung

U Naing Win Aung ၏ ကိုယ်ရေးအကျဉ်း

ဦးနိုင်ဝင်းအောင်သည် မြန်မာနိုင်ငံသို့ American Board of NLP, John Maxwell Team, Canfield Training Group, Les Brown Unlimited Team နှင့် Professional Business Coaches Alliance (PBCA) တို့မှ နိုင်ငံတကာအသိအမှတ်ပြု Neuro Linguistic Programming (NLP), Professional Coaching နှင့် Leadership Program များကို ယူဆောင်လာပြီး မြန်မာနိုင်ငံတွင် Coaching Culture ကို စတင် ဖွံ့ဖြိုးတိုးတက်အောင်ပြုလုပ်ခဲ့သူတစ်ဦး ဖြစ်သည်။

သူသည် University of Northampton (UK) မှ MBA ဘွဲ့ကို ရရှိခဲ့ပြီး American Board of NLP မှ အသိအမှတ်ပြု Certified NLP Trainer & Master Coach တစ်ဦးဖြစ်သည့်အပြင် Certified Master Time Line Therapist တစ်ဦးဖြစ်သည်။

ထို့အပြင် International Coach Federation (ICF) မှ အသိအမှတ်ပြုသော Associate Certified Coach (ACC) Credential ကို ရယူထားပြီး မြန်မာနိုင်ငံတွင် ပထမဆုံး ICF အသိအမှတ်ပြု Associate Certified Coach ဖြစ်သည့်အပြင် ပထမဆုံး Certified John Maxwell Coach, Trainer & Speaker လည်း ဖြစ်သည်။

ဦးနိုင်ဝင်းအောင်သည် Success Resources မှ Millionaire Mind Intensive, Guerrilla Business Intensive, Train The Trainer Intensive များကို တက်ရောက်ခဲ့ပြီး Blair Singer Academy ၏ Master Facilitator Program တွင် မြန်မာနိုင်ငံမှ ပထမဆုံးတက်ရောက်သူအဖြစ် တက်ရောက်ခဲ့သည်။

ထို့အပြင် ဦးနိုင်ဝင်းအောင်သည် မြန်မာနိုင်ငံမှ ပထမဆုံး Canfield Certified Success Principles Trainer နှင့် ပထမဆုံး Les Brown Unlimited Team Certified Coach, Trainer & Speaker ဖြစ်သည့်အပြင် Former Steve Jobs Coach ဖြစ်သော John Mattone အသိအမှတ်ပြုသည့် မြန်မာနိုင်ငံမှ ပထမဆုံး Intelligent Leadership Executive Coach ဖြစ်ပါသည်။

သူသည် မြန်မာနိုင်ငံတွင် မြောက်အမေရိကအခြေစိုက် Professional Business Coaches Alliance ထံတွင် သွားရောက်လေ့လာထားသော ပထမဆုံးနှင့် တစ်ဦးတည်းသော Certified Professional Business Coach ဖြစ်ပါသည်။

လုပ်ငန်းအတွေ့အကြုံအနေဖြင့် သူသည် YKKO Group of Companies Limited တွင် Executive Director အဖြစ်ဖြင့် Operation Department နှင့် HR Department များကို စုစုပေါင်း ၉ နှစ်ဝန်းကျင် တာဝန်ယူခဲ့ပြီး ဝန်ထမ်းပေါင်း ထောင်ကျော်နှင့် မန်နေဂျာများစွာကို ဦးဆောင်ခဲ့သည်။
-Operation Department ကို စနစ်ကျအောင် ပြုလုပ်ရာတွင် ပါဝင်ခြင်း၊
-Strategic Planning ရေးဆွဲရာတွင် ပါဝင်ခြင်း၊
-Quality, Service, Cleanliness များ တသမတ်တည်း ဖြစ်စေရန် အထောက်အပံ့ဖြစ်သော --Operation Manual ကို ဦးဆောင်ပြုစုခြင်း၊
-HR Department ကို စနစ်ကျအောင် ပြုလုပ်ရာတွင် ပါဝင်ခြင်း၊
-ဝန်ထမ်းများကို Internal Training များ ပေးခြင်း၊
-ပြင်ပမှ Business Consultant, Management Consultant များနှင့် အနီးကပ်လုပ်ဆောင်ခြင်း၊
-ပြင်ပမှာ ပညာရှင်များ ဖိတ်ကြား၍ သင်တန်းများ ဦးဆောင်စီစဉ်ခြင်း၊
-YKKO Training School ထူထောင်ရာတွင် ပါဝင်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။

သူသည် သင်တန်းများ တက်ရောက်ခြင်း၊ လက်တွေ့အသုံးချခြင်း၊ ပြန်လည်မ ျှဝေခြင်းတို့တွင် ပြင်းပြသော စိတ်ဆန္ဒရှိခြင်းကြောင့် နိုင်ငံတကာမှ အကောင်းဆုံး Coach & Trainer Training များကို လေ့လာ၍ စီးပွားရေးလုပ်ငန်းရှင်များအား ၎င်းတို့၏ လုပ်ငန်းများ ပိုမိုတိုးတက်လာစေရေးအတွက် ကူညီနိုင်ရန် Breakthrough Coaching, Training & Consulting ကိုထူထောင်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံမှာ Branch အများအပြားရှိသော လုပ်ငန်းရှင်များ၏ ၎င်းတို့၏ လုပ်ငန်းများတွင် ဖောက်သည်များအား တူညီသော ဝန်ဆောင်မှုများကို ပေးရန် ကြိုးပမ်းရာတွင် ကူညီနိုင်ရန်အတွက် Mystery Shoppers Myanmar Company Limited ကိုပါ ထူထောင်၍ Retail & Hospitality Industry များမှ လုပ်ငန်းများကို ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် Professional Coaching Culture ဖွံ့ဖြိုးတိုးတက်စေရန်အတွက် US အခြေစိုက် Professional Business Coaches Alliance (PBCA) ၏ Certified Professional Business Coach သင်တန်းကို မြန်မာနိုင်ငံတွင် Exclusive Right ဖြင့် သင်ကြားပေးလျက်ရှိပြီး Professional Business Coach ပေါင်းများစွာကို သင်ကြားပေးပြီး ဖြစ်ပါသည်။

ယခုအခါတွင် Breakthrough Coaching, Training & Consulting တွင် C.E.O, Executive & Business Coach, Master Facilitator, Leadership Development Trainer အဖြစ်လည်းကောင်း၊ Mystery Shoppers Myanmar Company Limited တွင် C.E.O အဖြစ်လည်းကောင်း၊ The John Maxwell Team တွင် Independent Executive Director အဖြစ်လည်းကောင်း၊ Professional Business Coaches Alliance (PBCA Myanmar) တွင် President အဖြစ်လည်းကောင်း တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ယခုအချိန်အထိ လုပ်ငန်းရှင်ပေါင်းများစွာကို သိသာထင်ရှားသော ရလဒ်များ ရရှိစေသည့် တစ်ဦးချင်း Executive Coaching ဝန်ဆောင်မှုများ၊

လုပ်ငန်းပေါင်းများစွာအတွက် Team Coaching နှင့် Corporate Leadership Training ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးပြီး ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် Coaching Culture ကို ပထမဆုံးစတင်ခဲ့သူဖြစ်သည့်အပြင် အခြား Business Coach ပေါင်းများစွာကို သင်ကြားပေးထားသူ ဖြစ်သည့်အတွက် Myanmar No.1 Business & Executive Coach အဖြစ်လည်း Les Brown, Jack Canfield, Peter Chee, John Mattone, Alex Mandossian, Sebastien Leblond စတဲ့ ကမ္ဘာ့နာမည်ကျော် Coaching Expert များအပါအဝင် သူ၏ သင်တန်းသားများစွာမှ သတ်မှတ်ထားရှိကြပါသည်။

Breakthrough Leadership Academy